အမေရိကန်နိုင်ငံရေတပ်၏ နောက်ဆုံးပေါ်လက်နက် (ရုပ်သံ)

အမေရိကန်နိုင်ငံရေတပ်၏ နောက်ဆုံးပေါ်လက်နက် PHALANX (Rapid-Fire Gun)

PHALANX (Rapid-Fire Gun) သည် ကွန်ပျူတာစနစ်ဖြင့် ထိန်းချုပ်ထားပြီး ရေဒါလမ်းညွှန်မှုဖြင့် ပစ်ခတ်နိုင်သည့် အမေရိကန်ရေတပ်မှ နောက်ဆုံးပေါ်လက်နက် PHALANX (Rapid-Fire Gun) ဖြစ်သည်။ 22mm စစ်သေနတ်အမျိုးအစား အသုံးပြုထားပြီး ၃၆၀ ဒီဂရီလှည့်ပတ် ပစ်ခတ်နိုင်စွမ်းရှိကာ အမေရိကန်ရေတပ်သင်္ဘောများ၏ နောက်ဆုံးခံတပ်အဖြစ် ထားရှိမည်ဖြစ်သည်။

PHALANX (Rapid-Fire Gun) သည် ရဟတ်ယာဉ်များနှင့် Drone များအထိ ပစ်ခတ်နိုင်စွမ်းရှိပြီး ထိုလက်နက်တစ်ခုတည်းဖြင့် ရှာဖွေ၊ ထောက်လှမ်း၊ ထိပ်တိုက် ရင်ဆိုင်နိုင်စွမ်းများ အပြည့်ရှိသည်။ ထိုလက်နက်ကို အမေရိကန်နိုင်ငံတစ်ခုတည်းတွင် အသုံးပြုသည်သာ မဟုတ်ပေ၊ ၄င်း၏ မဟာမိတ်နိုင်ငံ ၂၄ နိုင်ငံတွင်လည်း အသုံးပြုနေကြပြီ ဖြစ်သည်။

ထိုလက်နက်၏ ပစ်ခတ်နိုင်စွမ်းနှင့် ၄င်း၏အကြောင်းအရာများကို BI မှယခုလို စီစဉ်တင်ဆက်ထားသည်။
ဗီဒီယို ကြည့်ရှုရန် –

US Navy

REPORTING BY : AJAX (International War News Journal)

အီရတ်နိုင်ငံ တဝန်းရှိ လက်ရှိတိုက်ပွဲများ (ရုပ်သံ)

*(This video require Facebook login.)

အီရတ်နိုင်ငံရှိ အထူးတပ်ဖွဲ့ ဝင် Iraqi Special Forces များနှင့် အစ္စလာမ်းမစ် စစ်သွေးကြွ ISIS အကြမ်းဖက်သမားများ နှစ်ဖက် အပြန်အလှန်ပစ်ခတ် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်ကို WarLeaks တီဗီအစီအစဉ်မှ ယခုလို ဖေါ်ပြခဲ့သည်။

REPORTING BY : AJAX

ဗုဒ္ဓဟူးနေ့ နံနက်ခင်းပိုင်း နိုင်ငံတကာစစ်သတင်းများ (ရုပ်သံ)

မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအမ်း သည်ကမ္ဘာပေါ်တွင် ကြောက်စရာအကောင်းဆုံး စစ်အားဏာရှင်တစ်ယောက် မည်သို့ ဖြစ်လာပုံကို ဖေါ်ပြထားသည့် ဗီဒီယိုရုပ်သံဖိုင်တစ်ခု ဖြစ်သည်။ မွေးဖွားခုနှစ် ၃ ခုရှိပြီး တရာဝင်မွေးဖွားနှစ်မှာ ၁၉၈၂ ခုနှစ်ဟု ထုတ်ပြန်ထားသည်။

ထို့ အပြင် ကင်ဂျုံအမ်းသည် ဆွစ်ဇာလန်နိုင်ငံတွင်ကျောင်းတတ်ရောက်ခဲ့ပြီး အတန်းဖေါ်များက၄င်းအား ဟာသဥာဏ်မရှိတဲ့ကောင် ဟုလှောင်ပြောင်ခေါ်ဆိုခံခဲ့ရသည်။ ထိုအကြောင်းအရာတို့ ကို Business Insider သတင်းဌာနမှ ယခုလို စီစဉ်တင်ဆက်ခဲ့ပါသည်။

ဗီဒီယို ကြည့်ရှုရန် –
KIM

REPORTING BY : AJAX (International War News Journal)

အင်တာနက် စာမျက်နှာအသစ် ဖွင့်လှစ်ခြင်း

မင်္ဂလာပါခင်ဗျာ…
စာဖတ်သူမိတ်ဆွေများအားလုံးကို မင်္ဂလာရှိသော နေရက်တစ်ခုဖြစ်ပါစေဟု မိတ်ဆက်ပြောကြားလိုက်ပါတယ်။

ကျွန်တော်တို့  နိုင်ငံတကာစစ်သတင်းဂျာနယ်အတွက် ယနေ့ သည် နေ့ ရက်သစ်တစ်ခုအနေဖြင့် စတင်လိုက်ပါပြီဟု ပြောကြားလိုပါတယ်ခင်ဗျာ။ ယခင်ကရှိခဲ့သည့် လူမှုကွန်ယက် စာမျက်နှာနှင့် အင်တာနက်ဘလော့စာမျက်နှာ တို့ အပြင် ယခု အင်တာနက်စာမျက်နှာအသစ်ဝဘ်ဆိုက်ကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါသည်။

အသုံးပြုရ လွယ်ကူခြင်း၊ မြန်ဆန်စွာ လုပ်ဆောင်နိုင်ခြင်း၊ ရှင်းလင်းမှုရှိခြင်း တို့ အပြင် ရိုးရှင်းစွာလှပခြင်းနှင့် စာဖတ်သူများအကြိုက်ဖြစ်စေမည့် အတွေ့ အကြုံအသစ်များ ဖြစ်ပေါ်စေရန် ယခုအင်တာနက်စာမျက်နှာအား ကျွန်တော်တို့ နိုင်ငံတကာစစ်သတင်းဂျာနယ်မှ တင်ဆက်လိုက်ပါသည်။

AJAX
Editor in Chief
International War News Journal, AZL Group.
Official Facebook – www.facebook.com/official.iwnj
Official Blog – www.iwnj.blogspot.com
Official Website – www.azlgroup.wordpress.com

IWNJ_LOGO