ဝမ်းမြောက်ဝမ်းသာစွာဖြင့် ကြိုဆိုပါတယ် လူထုသမ္မတကြီး

ယခု အချိန်အခါသမယမှာဆိုရင် မြန်မာပြည်သူ၊ နိုင်ငံသား တစ်ရပ်လုံး၊ တိုင်းရင်းသား ညီအစ်ကိုမောင်နှမ၊ မိဘ ဆွေမျိုးများ၊ စာဖတ်သူမိတ်ဆွေအပေါင်း နှင့်တကွ ကျွန်တော်တို့  International War News Journal – နိုင်ငံတကာစစ်သတင်းဂျာနယ် – မှ စီစဉ်တင်ဆက်ထုတ်လုပ်သူ ဝန်ထမ်းအပေါင်းနှင့် အယ်ဒီတာချုပ်တို့ သည် ကျွန်တော်တို့ အမိမြန်မာနိုင်ငံတော်ကြီး၏ ပထမဆုံးသော ပြည်သူလူထုတစ်ရပ်လုံးက တင်မြောက်သည့် အမျိုးသားသမ္မတကြီးနှင့် ဒုသမ္မတများ ရွေးခြယ်ပွဲကြီးကို နိုင်ငံ၏ အရပ်ရပ်သောဒေသတို့ တွင် ရင်ခုန်စွာဖြင့် စောင့်မျော်ကြည့်ရှုခဲ့ကြရပြီးနောက် ယခုအခါ ကျွန်တော်တို့ ပြည်သူတစ်ရပ်လုံး၏ရင်ထဲမှာ အတိုင်းမသိ ပီတိရွှင်ပြ ဖြစ်ကြရပါပြီ။

အမိမြန်မာနိုင်ငံတော် သမ္မတကြီး ဦးထင်ကျော်နှင့် ဒုသမ္မတများ၊ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည့်နှင့် ကျေးဇူးတင်ထိုက်သူများအား ကျွန်တော်တို့ နိုင်ငံတကာ စစ်သတင်းဂျာနယ်မှ ဝမ်းမြောက်စွာဖြင့် ကြိုဆိုဂုဏ်ပြုလိုက်ပါတယ်ခင်ဗျာ။

ထို့ အပြင် နိုင်ငံတဝန်းတွင် ဖြစ်ပွားလျက်ရှိသော ပဋိပက္ခစစ်ပွဲများသည်လည်း အလျင်အမြန် ချုပ်ငြိမ်းနိုင်ပြီး စည်းလုံးညီညွတ်သော နိုင်ငံတော်တစ်ခု ပြန်လည်ဖြစ်ပေါ်နိုင်ပါစေဟု ထပ်မံဆုတောင်းလိုက်ပါတယ်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်တို့ မြန်မာနိုင်ငံသူတိုင်းရင်းသားတစ်ရပ်လုံး စစ်မှန်သောငြိမ်းခြမ်းရေးကြီးကို လိုအပ်နေသည်မှာ အနှစ်နှစ်၊ အလလများစွာ ကြာညောင်းနေခဲ့ပြီး ဖြစ်သောကြောင့် ယခုအချိန်မှစ၍ မြန်မာနိုင်ငံ၏ အစိုးရအသစ်တစ်ဖွဲ့ လုံးမှ စစ်မှန်သောငြိမ်းခြမ်းရေးကြီး အမှန်တကယ်ဖေါ်ဆောင်နိုင်ရန်အတွက် ကြိုးပမ်းကြရမည် ဖြစ်ပါသည်။

ထို့ အတူ ပြည်သူတစ်ရပ်လုံးကလည်း မိမိတို့ ရရှိထားသည့် ကဏ္ဍအသီးသီးမှနေ၍ ပူးပေါင်းပါဝင်ကြရမည်ဖြစ်ပြီး အမှန်တရားကို ထာဝစဉ်လက်ကိုင်ထားကြရမည်ဖြစ်ပါသည်ဟု ကျွန်တော်တို့ နိုင်ငံတကာစစ်သတင်းဂျာနယ်အဖွဲ့ သူ၊အဖွဲ့ သားများမှ ဆုတောင်းဝေငှပြောကြားလိုပါတယ်ခင်ဗျာ။ ပြည်သူလူထုတစ်ရပ်လုံး အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံနိုင်ကြပါစေ။

12813930_557641054405283_8218035070976912255_n
စစ်မှန်သော ပြည်သူရွေးကောက်တင်မြောက်ခဲ့သည့် မြန်မာနိုင်ငံတော် သမ္မတကြီး ဦးထင်ကျော်

Photo #Myanmar-Now News
Reporting by #International War News Journal.

Advertisements

မင်္ဂလာသတင်းကောင်း

လူကြီးမင်းတို့ ၏ စီးပွားရေးကြော်ငြာများကို ကျွန်ုပ်တို့ နှင့်အတူတကွ ပါဝင်လက်တွဲနိုင်ပါပြီ။
ကျွန်ုပ်တို့ ၏ လူကြိုက်အများဆုံးဖြစ်သော – နိုင်ငံတကာစစ်သတင်းဂျာနယ် International War News Journal တွင် လူကြီးမင်းတို့ ၏ စီးပွားရေးကြော်ငြာများ၊ ကုမ္ပဏီများကြော်ငြာများ၊ ရောင်းကုန်ထုတ်ကုန်ပစ္စည်းများကို ကဏ္ဍတစ်ရပ်ဖြင့် စုံလင်စွာ ထည့်သွင်းကြော်ငြာသွားမည်ဖြစ်ပြီး လူကြီးမင်းတို့ ၏ စီးပွားရေးကဏ္ဍများကို အချိန်တိုအတွင်း ထိထိရောက်ရောက်ဖြင့် ကြည့်ရှု၊ သုံးစွဲသူတို့ ဆီသို့ တိုက်ရိုက်ရောက်ရှိနိုင်မည် ဖြစ်ပါသည်။

သို့ ဖြစ်ပါ၍ ကြော်ငြာထည့်သွင်းလိုပါက အောက်ပါလိပ်စာများအတိုင်း ကျွန်ုပ်တို့ ဆီသို့ အချိန်မရွေး ဖုန်းဖြင့်ဖြစ်စေ၊ အီးလ်မေးပို့ ၍ဖြစ်စေ ဆက်သွယ်ရောက်ရှိနိုင်ပြီး မိမိတို့ ၏ စီးပွားရေးကိစ္စများကို ထိထိရောက်ရောက် ဆွေးနွေးနိုင်မည် ဖြစ်ပါသည်။

( ဆက်သွယ်ရန်ဖုန်း ) +95 97846 73618
( Email လိပ်စာ ) aungzinlinn.international@gmail.com

နိုင်ငံတကာစစ်သတင်းဂျာနယ် – International War News Journal
+++++++++++++++++++
နိုင်ငံတကာစစ်သတင်းဂျာနယ် ဆိုသည်မှာ ယနေ့ ခေတ် အချိန်အခါ၊ နိုင်ငံတကာတွင် ဖြစ်ပျက်နေသည့် အကြောင်းအရာများ၊ ဗဟုသုတကဏ္ဍများ၊ စစ်သတင်းများ၊ နိုင်ငံတကာသတင်းများနှင့် ပြည်တွင်းသတင်းများကို အချိန်နှင့် တပြေးညီ တိကျ မှန်ကန်စွာဖြင့် စီစဉ်တင်ဆက်လျက်ရှိပြီး စာဖတ်သူမိတ်ဆွေများအတွက် တာဝန်ယူလုပ်ကိုင်ဆောင်ရွက်လျက် ရှိပါသည်။

နိုင်ငံတကာစစ်သတင်းဂျာနယ်ကို လူမှုကွန်ယက် (Social Network) များတွင်သာမက အင်တာနက်စာမျက်နှာ (Website) များဖြင့် စီစဉ်တင်ဆက်လက်ရှိပြီး လက်ရှိတွင် နေ့ စဉ် စာဖတ်သူအရေတွက် ၁၅,၀၀၀ ကျော်ရှိနေပြီး တပတ်အတွင်း စာဖတ်သူ ၃၀,၀၀၀ ကျော်ထံသို့  ကဏ္ဍစုံလင်စွာဖြင့် ဖေါ်ပြပေးလျက်ရှိသော ဂျာနယ်ဖြစ်ပါသည်။

Facebook Page – www.facebook.com/official.iwnj
Website – azlgroup.wordpress.com

လူကြီးမင်းတို့ ၏ စီးပွားရေးကြော်ငြာအကြောင်းကို ဆွေးနွေးလုပ်ဆောင်ရန် ကျွန်ုပ်တို့ ထံသို့ အချိန်မရွေး တိုက်ရိုက်ဆက်သွယ်နိုင်ပြီး Message မှတဆင့်လည်း ဆက်သွယ်မေးမြန်း နိုင်ပြီ ဖြစ်ပါသည်။

“ထာဝရသင့်အတွက်ဂျာနယ်”
နိုင်ငံတကာစစ်သတင်းဂျာနယ် – International War News Journal

မြောက်ကိုရီးယားခေါင်းဆောင်မှ ၄င်း၏စစ်တပ်အား နျုကလိယားလက်နက်အား အဆင်သင့်ပြင်ခိုင်း (ရုပ်သံ)

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်းမှ ရန်သူနိုင်ငံများ၏ စစ်အင်အား၊ အန္တရာယ်များ ကြီးထွားလာသောကြောင့် မြောက်ကိုရီးယားစစ်တပ်အား ၄င်းတို့ ၏ နျုကလိယားလက်နက်ကို အချိန်မရွေးအသုံးပြုနိုင်ရန် အဆင်သင့်ပြင်ခိုင်းခဲ့သည်ဟု နိုင်ငံပိုင် မီဒီယာ KCNA မှ ဖေါ်ပြခဲ့သည်။

တောင်ကိုရီးယားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောကြားချက်အရ မြောက်ကိုရီးယားနိုင်ငံသည် ပြီးခဲ့သည့် ကြာသာပဒေးနေ့ တွင် United Nations မှ စီးပွားရေးပိတ်ဆို့ မှုများအား တုန့် ပြန်သည့်အနေဖြင့် ပင်လယ်ပြင်သို့ တာဝေးပစ်ဒုံးကျည်များ မိုင် ၉၀ ခန့် အတွင်းတွင် ပစ်လွှတ်ဖောက်ခွဲ ပြသခဲ့သည်ဟု ပြောဆိုခဲ့သည်။

ထို့ အပြင် ကင်ဂျုံအမ်း၏ ပြောဆိုချက်အရ ၄င်း၏ ဒုံးကျည်အသစ်မှာ တောင်ကိုရီးယားနိုင်ငံအထိ ပစ်ခတ်နိုင်စွမ်းရှိမည်ဖြစ်ပြီး စစ်ဘက်ဆိုင်ရာပညာရှင်များ၏ ခန့် မှန်းချက်အရ မြောက်ကိုရီးယားနိုင်ငံ၏ နျုးကလိယားထိပ်ဖူးတပ် လက်နက်အသစ်မှာ အမေရိကန်နိုင်ငံအထိ ပစ်ခတ်နိုင်စွမ်းရှိသည်ဟု သုံးသပ်ခဲ့ကြသည်။ အထက်ပါအကြောင်းအရာများကို Reuters သတင်းဌာနမှ ရေးသားဖေါ်ပြခဲ့သည်။

ရုပ်သံဗီဒီယို ကြည့်ရှုရန် –


Reference #Reuters
Video Reference #euronews
Reporting by #AJAX
Exclusively in Myanmar-Language on International War News Journal

အီရတ်နိုင်ငံ နာမည်ကျော် အထူးတပ်ဖွဲ့ များမှ ISIS စစ်သွေးကြွများအား တိုက်ခိုက်ချေမှုန်း (ရုပ်သံ)

အီရတ်နိုင်ငံ Samarra ဒေသတွင် Iraqs Popular Mobilization Forces များ၏ ယာဉ်တန်း ဖြတ်သန်းနေစဉ် ISIS စစ်သွေးကြွများမှ ပစ်ခတ်မှုများ ဖြစ်ပေါ်ပြီးနောက် နာမည်ကျော် အထူးတပ်ဖွဲ့ များမှ ပြန်လည်တိုက်ခိုက်ချေမှုန်းခဲ့ကြသည်။
ထိုအကြောင်းအရာများကို WarLeaks သတင်းဌာနမှ ပြန်လည်ရိုက်ကူး မှတ်တမ်းတင်ထားခြင်းဖြစ်သည်။
ရုပ်သံ ဗီဒီယို ကြည့်ရှုရန် –

Reference #WarLeaks
Reporting by #AJAX (IWNJ)
Exclusively in Myanmar-Language on International War News Journal.